ချစ်သူရယ်..
လမ်းခွဲ ဖို့ ပြောခဲ့တာလဲမင်းပဲ
ပြန်ချစ်ဖို့ ပြောခဲ့တာလဲမင်းပဲ
နှလုံးသား အလယ်တည့် တည့် မှာ
ငါရပ်လို့ နေတယ်...။

အချစ်ကို မင်းတန်းဖိုးထားတက်အောင်
လေသံတွေမာ
နှလုံးသားကို အားတင်ပီ..
မျက်ရည်ကို မကျအောင်အားခဲနေတာ
မင်းမှမသိတာ...။

လမင်းကြီးကိုတိုင်တည်ပြီး
ပြောလိုက်ချင်တယ်
ငါချစ်တာ မင်းတစ်ယောက်တည်းကိုပါ..။

ငါနောင်တတွေ
တစ်လှေကြီးနဲ့ 
အိမ်ပြန်နေရတယ်ချစ်သူရယ်...။

အပြန်လမ်းမှာ
မင်းကျောခိုင်းလို့ သွားတော့
ငါ့နှလုံးသားတစ်ခု က
မင်းဆီမှာ အမြစ်တွဲနေတာလေ...။

မေ့နိုင်အောင်ကြိုစားတော့မယ်ဆိုတဲ့
မင်းရဲ့ စကား...
ငါမယုံကြည်ဘူးဆိုတာက
မင်းကိုသိပ်ချစ်လို့ ပါ...။

မျက်ရည်တစ်စက်
ယောကျာ်တန်းမဲ့
မြေမှာကျလို့ 
ငိုခဲ့ရတာဟာ
မင်းကြောင့်ပါလို့ မပြောရက်ပါဘူးကွာ...

အရင်လိုနေ့ ရက်တွေ
အရင်လို ယုယကြင်နာမူတွေဟာ
ငါ့နှလုံးသားမှာဆွဲကပ်
လို့ နေပြီ...

သတိတွေရ...
တမ်းတမ်းတတနဲ့ 
လွမ်းနေမိတယ်...

တစ်ချိန်မှာ မင်းငါ့ကိုနေမေ့နိုင်ခဲ့ရင်
ငါတို့  ရူးခဲ့တဲ့
နေ့ ရက်တွေ အမှတ်တရတွေကို
မထုတ်လိုက်ပါနဲ့ လို့ 
တောင်းပန်ပါရစေနော်....။ ။ရဲရင့်ခေါင်
 
ခဏတာ အချစ်တွေလို့ 

မင်းနှလုံးသားက ထင်နေပေမယ့်

ငါချစ်နေတာ

တစ်သက်စာ ပါ...။

ချစ်တယ်ပြောချင်ပေမယ့်

ပြောမထွက်တာဟာ..

သွေးကြောင်လို့ တော့မဟုတ်

သွေးပျက်စရာတွေ ဖြစ်ကုန်မှာကြောက်လို့ ပါ..။

ငါ့နှလုံးသားကတော့

၂၄ နာရီ

မင်းကို ချစ်တယ်ပဲပြောနေတာပါ...။

ငါ့အချစ်တွေကို

မင်း တစ်နေ့ နားလည်လိမ့်မယ်ဆိုတဲ့

မျှော်လင့်ချက်ကို ရင်မှာပိုက်လို့ 

ငိုခဲ့ရတဲ့ ရက်တွေက

ယနေ့ ထိတိုင်အောင်ပါပဲ...။

သို့ ပေမယ့်ချစ်တယ်..

တမ်းတမ်းတတ နဲ့ ချစ်နေမိတယ်..။

စမ်းရေပမာ

အေးမြ တယ်ဆိုပြီး

ရင်ခွင်သစ်မှာ

မင်သာယာနေမယ်ဆိုရင်တောင်

ယနေ့ တိုင်..

ငါ့နှလုံးသားထဲမှာ

နေရာအပြည့် ယူနေတာဟာ..

မင်းတစ်ယောက်တည်းဆိုတာ

မမေ့လိုက်ပါနဲ့ .......။                         ။ ရဲရင့်ခေါင်

 
ပြောခွင့် ဆိုခွင့်မရှိ

မြင်နေရင်ပဲကျေနပ်နေရတဲ့

ဘ၀ပါ....

အချစ်ဆိုတာကို

လျို့ ဝှက်စွာ အဓိပယ်ဖွင့်မယ်ဆိုရင်..

ငါချစ်တာက မင်းအတွက် တစ်ဖတ်သတ်ချစ်သူပါ...

ငါ့ဘ၀ကတကယ်ခရေပန်းတစ်ခုလို

ကြွေပန်းပေမို့ 

အခြွေမကျမ်းလိုက်ပါနဲ့ 

အစဉ် မွှေးမယ့် သူပါ...။

မင်းငါ့ကို မချစ်ခဲ့ဘူးဆိုရင်တောင်

ငါသေတဲ့ထိ ငါ့ရဲ့ ချစ်တွေက

မွှေပျံနေဦးမှာပါ.....။(ရဲရင့်ခေါင်)
 
ချစ်သူရယ်...

နူတ်မရဲ တာမို့ 

ရင်ထဲကခံစားချက်တွေကို

ပြောမထွက်ခဲ့ဘူး...


သတ္တိမရှိလို့ မဟုတ်ပါဘူး

ငါပြောလိုက်တဲ့ အချစ်တွေက

ချစ်သူ...

မုန်းတီးသွားမှာကို ကြောက်လို့ ပါ..


ဖွင့် မပြောခဲ့လို့ 

အပြစ်ပေးမယ်ဆိုလဲ...

ရဲရဲကြီးကို

ဒူထောက်လိုက်ပါ့မယ်...။


တစ်နေ့ တစ်ချိန်..

ငါနောက်ဆုံးချိန်ထိ

မပြောဖြစ်ခဲ့ရင်တောင်

ငါချစ်တာ မင်းသိခဲ့တယ်ဆိုရင်

ငါကျေနပ်ပါတယ်........။ ။ရဲရင့်ခေါင်
 
အချစ်ဆိုတာဒါလာ...

ရယ်ချင်စရာကြီးပါလာ

ကောင်လေးရယ်..


ငါမင်းကိုချစ်ခဲ့တာက

သဲထဲရေသွန်သလိုပါပဲလာ..


မုသားတွေနဲ့ ငါ့ကို လှည့်ပတ်..

နှလုံးသားတစ်ခုလုံးကို

ဝင်ချင်ဝင်

ထွက်ချင်တိုင်းထွက်ခဲ့ပီး..

အဆုံးသတ်မှာ..

ငါ့ကို ခေါက်သွားတာလာ...


ကောင်လေးရယ်..

မင်းကို ရင်ထဲကနေမြတ်မြတ်နိုးနိုး

ချစ်ခဲ့ပေမယ့်

မင်းလုပ်ရက်ကြောင့်

ငါ့နှလုံးသား အမုန်းမီးတွေတောက်လောင်ခဲ့ပြီ...


ဘာမဟုတ်တဲ့

အကြောင်းပြချက်လေးနဲ့  နင်ငါ့ကို ထားခဲ့တာ

နင်သိပ်ပျော်နေပေမယ့်

ငါ့မျက်ရည်တွေ ချောင်းပေါက်မတက်ပေါ့


အခုတော့နားလည်လိုက်ပါပြီး

နင်က မစစ်တော့

ငါကလဲ အတုပဲ ပြန်ပေးရတာပေါ့


ငါနှလုံသား မီးညွန့် မကျိုးသရွေ့

နင့်ကို ငါ...

မုန်းနေမယ်...။ ။ ရဲရင့်ခေါင်
 
စောင့်နေဆဲပါ

မင်းပြန်လာမယ့်နေ့ 

ရေတွက်နေလို့ 

မျှော်လင့်ချက်တစ်ခု

နှလုံးသားမှာ ရစ်ပတ်လို့ 

မင်းကိုတမ်းတနေဆဲပါ....



သစ်ရွက်တွေကြွေကျ

ငါမျက်ရည်

မြေမှာ " ခ " လို့ 

မင်းကို လွမ်းတဲ့နေ့ တွေ မရေတွက်နိုင်တော့ဘူး...



အခြေနေတစ်ခုကြောင့်

ဝေးကွာ ကြရပေမယ့်

ပြန်လာမယ်ဆိုတဲ့ 

မျှော်လင့်ချက်က

နှလုံးသားမှာ သံမိုရိုက်ထားသလို.......



ငါ့နှလုံးသား

မင်းတွက် မျှော်နေတာကို

မင်း သိစေချင်တယ်ချစ်သူရယ်....။ ။ရဲရင့်ခေါင်
 
အချိန်တွေကုန်

နေ့ တွေကုန်

လတွေ နဲ့  နှစ်တွေ ပြောင်းလဲနေပေမယ့်

ငါ့ရင်ထဲမှာ မင်းတစ်ယောက်ထဲကို ချစ်ခဲ့တာပါ...

ချစ်သူရယ်

အချစ်ဦး တော့ဟုတ်ချင်မှဟုတ်လိမ့်မယ်...

ငါတွက်တော့ နင်က ချစ်ဆုံးပါ....

ယုယမူနဲ့  ကြင်နာမူတွေ မပေးချင်နေပါ..

ငါကို ချစ်တယ်ဆိုရင်ပဲ..

ငါသေပျော်ပါပြီး...

နောက်ဆုံး အနေနဲ့  ငါဆုတောင်းခဲ့ချင်တာက

လမင်းကထိန်ထိန်လင်းလို့ 

ကောင်းကင်း ပန်းချီထွန်းတောက်တဲ့အချိန်

ငါ့ရင်ထဲက အချစ်တွေ မင်းနှလုံးသားမှာ

ထင်းဟပ်ပါစေလို့  ဆုတောင်းလိုက်ချင်တယ်...

ချောင်းရေလို အေးမြပြီး...

ပင်လယ်လို အေးချမ်းမူတွေနဲ့ 

ချစ်ခင်မူတွေ ပေးပါရစေ...

နောက်တစ်ရက်မှာ

မိုးသောက်လို့  ငါမြင်ချင်တာ

မင်းရဲ့ အပြုံးပါ..

တစ်နေ့ ငါ့ကို ချစ်တယ်ဆိုတဲ့ စကားလေနဲ့အတူ

မင်းနှလုံးသားမှာ အပြုံးလေးနဲ့ 

ကြိုဆိုနေပေးပါနော်....

သိပ်ချစ်တယ်...ချစ်သူရယ်...(ရဲရင့်ခေါင်)
 
ချစ်သူရယ်.. ကမ္ဘာတစ်ဖက်ခြားလို့ 

တို့ နှစ်ယောက်ဝေးခဲ့ကြတယ်နော်..။

လက်ခြင်းချိတ်ပြီး...

တားစီးထားတဲ့ တံတိုင်းကြီး ကိုကျေိာဖြတ်ရအောင်လည်း..

ကိုယ့် ရဲ့  အနားမှာ...

အားပေးမယ့်ချစ်သူမှမရှိတာ...။

ဝေးနေတယ်ဆိုပေမယ့်

ကိုယ်မင်းကို မမြဲ အိပ်မက်ထဲမှာတော့

မြင်ယောင်မိပါတယ်...။

အဝေးဆုံးကိုရောက်နေပေမယ့်

စိတ်ထဲမှာ တော့

မင်းကငါ့ရဲ့ ဘေးမှာ အမြဲရှိနေတယ်..။

စိတ်ကူးလား

အရိပ်လား ဆိုတာ မသိပေမယ့်

မင်းပုံရိပ်ပြောက်ကွယ်သွားချိန်

နှလုံးသားက နာကျင်မတက်ပါပဲ..။

အချစ်ဆိုတာကို

တို့ နှစ်ယောက်ကိုးကွယ်ပြီးမှာတော့

မင်းနဲ့ တို့ ရဲ့ 

အချစ်ကျမ်းစာ ကိုချရေးရုံပဲရှိတော့တာပေါ့

ကိုယ်မျှောက်လင့်ချက်တစ်ခုနဲ့ 

စောင့်မျှော်နေပါတယ်...

ပြန်လာမယ့်နေ့ ကိုလက်ချိုး ရေးနေရင်နဲ့ 

မျက်ဝန်းထဲက မျက်ရည်တွေ

ချောင်းရေ အမျှ စီးဆင်း နေတယ်..။

ချစ်သူရယ်...

အလွမ်းတွေကို ဖြေသိမ့်ဖို့ 

မင်းရဲ့  မွေး နေ့ မှာ..

ဒီကဗျာလေးကို လက်ဆောင်ပေးလိုက်ပါရစေနော်...။(ရဲရင့်ခေါင်)

 
ချစ်သူရယ်...

မင်းနဲ့ တို့ သိပ်ချစ်ခဲ့ပြီးမှ

အဆုံးသတ်မှာ...

အဝေးဆုံးကို ဘာလို့ ထွက်ခွာသွားရတာလဲ...

ရင်မှာ အလွမ်းမီးတွေတောက်လောင်ပြီး..

အိပ်ယာကနိုးတော့

အခန်းဘေးမှာ ...

မင်းနဲ့ တို့ ရဲ့ ဓါတ်ပုံလေက 

ငါ့ကို နှစ်သိမ့် မူတွေ ပေးနေတယ်...။

ကော်ဖီတွေ ခါးတယ်ဆိုတာ

သကြားထည့်ရင် ချိုပါတယ်..။

ငါ့ချစ်ခါးနေတယ်..

မင်းမရှိတော့ ခါးသက်သက်ပါပဲ...။

ချစ်သူရယ်..

ခေါ်ရာကိုပဲပြန်လာမှာလား..

တော်ရာကပဲ လှည့်ပြန်မှာလားပြောပါကွယ်..။(ရဲရင့်ခေါင်)

 
တို့ မင်းကို သိပ်ချစ်ခဲ့တယ်ချစ်သူ....

ဒါပေမယ့်မင်းကိုယ့်ကို နားမလည်းပေးခဲ့ဘူး...

တို့ မင်းကို အစွမ်းကုန်ပေးဆပ်ခဲ့တယ် ချစ်သူ..

ဒါပေမယ့် မင်းကိုယ့်ကို အလေးမထားခဲ့ဘူး..

တို့ မင်းကို ပျော်ရွင်မူ အလင်းရောင်တွေပေးခဲ့တယ်ချစ်သူ..

မင်းကိုယ်တိုင် လိုက်ကာချခဲ့တယ်နော်...။

တို့ မင်းတစ်ယောက်တည်းကိုပဲ သစ္စာရှိရှိချစ်ခဲ့တယ်..

ဒါပေမယ့် မင်းကိုယ်တိုင်သစ္စာတ၇ား ကို မြောင်းထဲလွင့်ပစ်ခဲ့တယ်နော်..။

ကိုယ့်ချစ်တွေဟာ မင်းနှလုံးသား စီကို

အေးမြတဲ့လေကြောင်းတစ်ခု ဖြစ် ဦးတည်တိုက်ခတ်နေပေမယ့်

မင်းကိုယ်တိုင် နှလုံးသား ပြတင်ပေါက်ကို lock ချခဲ့တယ်နော်...။

ကိုယ်နာလည်းပါပြီး ချစ်သူရယ်..

မင်းဟာ ကိုယ့်အချစ်နဲ့ မတန် ဘူးဆိုတာကိုပေါ့...

ကိုယ့် နှလုံးသားမှာရေးထားတဲ့  မင်းနာမည်ကို

ညနေမှာတိုက်တဲ့ လေပြေနဲ့ အတူ

အဝေးကို စွန့် ပစ်လိုက်တော့မယ်ချစ်သူ....။        ။ (ရဲရင့်ခေါင်)

var _gaq = _gaq || []; _gaq.push(['_setAccount', 'UA-7870337-1']); _gaq.push(['_setDomainName', 'none']); _gaq.push(['_setAllowLinker', true]); (function() { var ga = document.createElement('script'); ga.type = 'text/javascript'; ga.async = true; ga.src = ('https:' == document.location.protocol ? 'https://ssl' : 'http://www') + '.google-analytics.com/ga.js'; // NOTE: keep the [1] if you replace this code. Otherwise cookie banner scripts won't be first on the page var s = document.getElementsByTagName('script')[1]; s.parentNode.insertBefore(ga, s); })(); _W.Analytics = _W.Analytics || {'trackers': {}}; _W.Analytics.trackers.wGA = '_gaq';