http://api.ning.com/files/1usa7AyRC82Ud45qw4BvTR1UZxfwMmYwEvEeZ17hjqqTc5HmpH2wvomjYPFQPcn1yI-yAn5WgG6E-HRUi5TkgDUGppXsr3dJ/interview.gif

♥ ဝါသနာရှင် အဆိုတော် ထက်ယံ နှင့် တွေ့ဆုံမေးမြန်းချက် ( အင်တာဗျူး ) အစီအစဉ် www.nayzawlin1.com ♥ အဆိုတော် ထက်ယံ နှင့် တွေ့ဆုံ မေးမြန်းချက် ( အင်တာဗျူး ) အစီအစဉ် ♥


အွန်လိုင်းပေါ်မှာ သူ့သီချင်းလေးတွေ တွေ့ဖူးနေတာ ကြာနေပါပြီ။ သူ့ ရဲ့သီချင်း လေးတွေက သီချင်း အေးအေးလေးတွေ တကယ့် ခံစားချက် လေးနဲ့ သီဆိုထား တာလေး တွေ့ရပါတယ်။

သီချင်း အေးအေးလေးတွေ နှစ်သက်ကြသော စာဖတ်သူမိတ်ဆွေများ အတွက် ဝါသနာ အဆိုတော်လေး ထက်ယံ နှင့် တွေ့ဆုံပြီး သူ့အကြောင်းလေး တွေကို ဒီလို မေးမြန်း ဖြစ်ခဲ့ပါတယ်။

မေး = နာမည်လေး နဲ့ အသက်ကို သိပါရစေ။

ကျနော့် နာမည်က ထက်ယံ ပါ။ အသက်ကတော့17 ပါ ။ မပြည့် သေးပါဘူး ...

မေး = သီချင်းတွေကို ညီလေးက ဝါသနာပါတယ်နော် ....

ဟုတ်ကဲ့ ... အဲ့ဒါက ကျနော် ငယ်ငယ်လေး ကတည်းကပါ။ အင်း .... မူလတန်း လောက်ကတည်းက သီချင်းဆိုရရင် ပျော်နေတတ်တယ်။

မေး = ဒါဆို ညီ ငယ်ငယ်လေးကတည်းက ညီက တစ်နေ့သီချင်း ဆိုရမယ်လို့ စိတ်ကူး ထားတယ်ပေါ့။

ဟုတ်တယ် ... ကျနော် ငယ်ငယ်ကတည်းက ကြီးလာရင်ဘာလုပ်မလဲလို့ မေမေကမေးရင် အဆိုတော် သရုပ်ဆောင် လုပ်မယ်လို့ ပဲပြောတာတဲ့ ...

မေး = အခုလက်ရှိ ညီလေးရဲ့ ဝါသနာကို ညီရဲ့ မိဘ တွေကရော ဘာပြောလဲ ?

ဟုတ်ကဲ့ ... ကျနော်က ဒါမှ ဒါဖြစ်ချင် နေတော့လည်း အမေတို့က မလွန်ဆန်တော့ပါဘူး ...... အစပိုင်းကတော့ အိမ်မှာ သပိတ်မှောက်ရတာပေါ့။ အင်း ... ထမင်း မစားတာတို့ ဘာတို့ ပေါ့နော်ပြန်တွေးမိရင် ရီရတယ်ဗျာ။ အမေတို့က ကျနော့်ကို စစ်ဆေးဗိုလ်ဖြစ်စေချင်တာလေ သူတို့ သဘောအတိုင်း ကျနော်လည်း ဖြေခဲ့ပါတယ်။ ကံကောင်း ထောက်မစွာနဲ့ ပဲ အမှတ်နဲ့ ပြုတ်သွားတယ်။ အဲ့ ... ဒါနဲ့ ကျနော့ကို အိမ်က လက်ရှော့လိုက်တာ ....

မေး = ဒါဆို ညီလေးက သီချင်းဆိုဖို့ အတွက် တော်တော်လေး ကြိုးစားခဲ့ရတာပေါ့။

ဟုတ်ကဲ့ ... အဲ့ ... လိုပဲပြောပါတော့။ ဒီလိုပါပဲ ကျနော် ဒီအလုပ်ကို လုပ်မယ်ပြောတော့ ကျနော့ကို ဘယ်သူမှ အားမပေးဘူး။ အထူးသဖြင့် မိဘအသိုင်းအ၀ိုင်း ကပေါ့ ... မန္တလေးကနေပြီးတော့ ရန်ကုန် ဆိုတော့လည်း စိတ်မချတာ လည်းပါတာပေါ့ဗျာ။ ပိုဆိုးတာက ဒီမှာ အမျိုးလိုမရှိဘူးလေ။ ကျနော် တစ်ယောက်တည်း ဆိုတော့လည်း ဟုတ်ပါတယ်။ ဒါပေမယ့်လည်း ကျနော်ကဘယ်ရမလဲ အသဲအသန် သပိတ်မှောက်တာလေ ဆေးရုံ မတင်လိုက်ရတာ ကံကောင်း ....

မေး = အနုပညာကို ငယ်ငယ်လေးကတည်း ဝါသနာပါတယ်ဆိုတော့ ညီလေး သီချင်းလောက်ပဲ ဆိုဖြစ်မှာလားသရုပ်ဆောင်တို့ ဒါမမဟုတ် တစ်ခြား ဘာတွေ လုပ်ဖြစ်မှာလဲ။ ညီလေးရဲ့ စိတ်ကူးတွေရော ရည်ရွှယ်ထားတာ လေးတွေ ရှိလား ?

ဟုတ်ကဲ့ .... ကျနော် အခုတော့ သီချင်းကိုပဲ အတတ်နိုင်ဆုံး ကြိုးစားပြီးသီဆိုမှာပါ။ နောက်ပိုင်း ... နာမည် ရလာရင်တော့ သရုပ်ဆောင် လိုင်းကိုကူးမယ်ပေါ့။ အဲ့လိုတော့ အစီအစဉ်တော့ရှိပါတယ်။ဘယ်လိုပြောမလဲ နှစ်မျိုးလုံးပေါ့နော် ... လုပ်မယ်ပေါ့။ ဘာကြောင့်လဲဆိုတော့ ကျနော်က နှစ်မျိုးလုံးလဲ ၀ါသနာပါတယ်လေ။



မေး = အခု ညီလေး အနေနဲ့ သီချင်းတွေကို ဘယ်တုန်းက စပြီး ဆိုဖြစ်တာလဲ ?

ဟုတ် .... ကျနော် ကိုးတန်း နှစ်လောက်ကတည်းက မျှော်လင့်ဆဲ ဆိုတဲ့  မ သီချင်းလေးကို စဆိုဖြစ်တာပါ။ အင်း ... ပြီးတော့ ဆယ်တန်း ဖြေပြီးတာနဲ့ ကျနော် ဆက်ဆိုဖြစ်ပါတယ်။

မေး = ညီလေးရဲ့ သီချင်းတွေကို အွန်လိုင်း ( နိုင် ) ဆိုက်တွေမှာ တော်တော် များများ တွေ့ရတယ်နော်။

ဟုတ်တယ် ခင်ဗျာ .... ကျနော်က အွန်လိုင်းမှာပဲဖြန့် ဖြစ်လို့ပါ။
အဲ့ လိုနဲ့ ပဲ ... ကျနော့ ကို လူတွေ စသိလာအောင် လုပ်မယ်လို့ ဆုံးဖြတ်ထားမိလို့ ပါ။



မေး = Flash Songs တွေ တော်တော်များများ ညီရဲ့ သီချင်းတွေ တွေ့ရသေးတယ်နော် ...ညီ ကိုယ်တိုင်လုပ်ပြီး တင်ဖြစ်တာလား သီချင်းတွေနဲ့ ပက်သက်ပြီး ညီလေးကို ကူညီပေးနေသူရော ရှိလား ။

ဟုတ်ကဲ့ ... ကျနော်က ကိုယ်တိုင် မလုပ်တတ်ပါဘူး။ ကျနော့ကို ကူညီတဲ့ အစ်ကိုတစ်ယောက်ရှိပါတယ်။သူက ကိုဂျွန်ဖြိုး ပါ။ ([email protected]) က အများဆုံး ကူညီပေးတာပေါ့နော် ... ဟုတ်ကဲ့ ....

မေး = အနုပညာ နဲ့ ပက်သက်ပြီး ညီလေး အခု လတ်တလော ဘာတွေ လုပ်ဖြစ်လဲ ?

ကျနော် ခုတစ်လောသီချင်းလေးတွေ လုပ်ဖြစ်ထားပါသေးတယ်။ မဖြန့်ရသေးတာပါ။ ကျနော့ သယ်ရင်းတွေ တောင်းဆိုတဲ့ ပုံစံမျိုးလေးတွေပေါ့နော်... အမြူးလေးတွေ ပြီးတော့ အခွေထုတ်ဖို့လည်း ကြိုးစားနေပါတယ်။

မေး = ညီလေးရဲ့ ပထမဆုံး သီဆိုဖြစ်တဲ့ သီချင်းနာမည်လေးကို ပြောပြပါဦး ။

ဟုတ်ကဲ့ .... မျှော်လင့်ဆဲ(မ)သီချင်းလေးပါ။

မေး = ပထမဆုံး ကိုယ်ဝါသနာ ပါတဲ့ သီချင်းလေးတွေကို သီဆိုရတယ် ဆိုတော့ ညီလေး ရင်ထဲက ဘယ်လိုခံစားမိလဲ။

ဟုတ်ကဲ့ ... ပျော်လည်းပျော်တယ်။ ပြီးတော့ ပင်ပန်းတယ် ထင်ထားသလောက် မလွယ်ဘူးလေ။ ဆိုကြည့်တဲ့ အခါမှာ အခက်အခဲတွေ အနည်းအများတော့ ရှိပါတယ်။ ဒါပေမယ့် သီချင်းလေးလည်း ထွက်လာရော သယ်ရင်းတွေက ကောင်းပါတယ် ဆိုတဲ့ အသံလေးကြားရတော့ လည်း ကျွန်တော် ပင်ပန်းတာတွေဟာ အားလုံးပျောက်သွားရော ပင်ပန်းတာတွေမရှိတော့ဘူး ....:)

မေး = မ သီချင်းလေးက နားထောင်ရတာ အေးအေးလေးနဲ့ ကောင်းပါတယ်။ ညီလေး အနေနဲ့ရော မသီချင်းလေးနဲ့ ပက်သက်ပြီး တစ်ခုခု ခံစားချက် ရှိရင် ပြောပြပေးပါလား။

ဟုတ် .... အင်း .... နည်းနည်းတော့ ရှိတယ် ဆိုပါတော့ဗျာ ....

မေး = အခု ညီလေး ဆိုထားတဲ့ သီချင်း အရေအတွက်က ဘယ်လောက်ရှိနေပြီလဲ ?

ဟုတ် .... 10 ပုဒ် ပေါ့နော်။ ဟို .... သင်္ကြန်သီချင်း ပါဆိုရင်တော့ အားလုံးပေါင်း 11ပုဒ်ပါ .....

မေး = သီချင်း နာမည်လေးတွေကို ပြောပြပေးပါလား။

ဟုတ်ကဲ့....

1 . ယုံကြည်ပေးပါ။
2 . ဘယ်သူ့ အတွက်လဲ
3 . Happy Birthday Honey
4 . ကလေးဆိုးလေ
5 . My Lovely Girl
6 . ငါ့အတွက်ရှိပါ
7 . မျှော်လင့်ဆဲ
8 . Baby Girl
9 . အချစ်ရူးလေး
10 . အစွန်းစွန်ထိ
11 . အတူတူခုန်လိုက်(သင်္ကြန်သီချင်း) တို့ပါ။

မေး = သီချင်းလေး တွေ အေးအေး လေးနဲ့ တကယ်ကို ခံစားချက် ပြည့်ဝပါတယ်။ ညီလေး ဘယ်လို ကြိုးစား သီဆို ဖြစ်လဲ ..... ( ဥပမာ လေ့ကျင့်မှုပေါ့ )

ဟုတ်ကဲ့ ... ကျနော်က သီချင်းတစ်ပုဒ်ရေးမယ် ဆိုရင်ပေါ့... ဘယ်လို အကြောင်းအရာ ရေးမလဲစဉ်းစားတယ် ပြီးတော့ ခံစားကြည့်တယ်။ ကုန်ကြမ်း ရှာတယ်ပေါ့နော်။ အဲ့လိုပြီးမှ ရေးတယ်ပြီးတော့ ခံစားချက်သွင်းပြီးတော့ ဆိုပါတယ်။ တစ်ခါတစ်လေ တိုက်ဆိုင်တာလေးတွေ ရှိသွားရင် ပိုပြီးတော့ ကောင်းသွားရော ။

မေး = အခုရေးပြီး ဆိုထားတဲ့ သီချင်း ၁၁ ဗုဒ်မှာ ညီလေး အကြိုက်ဆုံး ( ဒါမှ မဟုတ် စိတ်ထဲကျေနပ်မှု အများဆုံး ) သီချင်းလေးကို ပြောပြပေးနိုင်မလား ။

ဟုတ်ကဲ့ ... ကျနော် သေချာပြောရမယ်ဆိုရင် အားလုံးသိပ်အား မရပါဘူး..... ဒါပေမယ့် ... အကြိုက်ဆုံး ကတော့...... ယုံကြည်ပေးပါ။ (BELIEVE ME)ကို ပေါ့နော် ။

မေး = သီချင်း စာသား လေးတွေကိုရော ညီ ကိုယ်တိုင် ရေးတာလား ။

ဟုတ် ... အားလုံးနီးပါးတော့ ကျနော်ရေးတာပါ။ ကလေးဆိုးလေး သီချင်းကတော့ သူငယ်ချင်း တစ်ယောက်နဲ့ ပေါင်းရေးဖြစ်တာပါ။ ကျနော့ သူငယ်ချင်း အာကာနဲ့ ပေါ့။တချို့ နှစ်ယောက် ဆိုတာတွေကတော့ သူတစ်ဝက်ကိုယ်တစ်ဝက်ပေါ့။ ကိုယ်ဆိုတာ ကိုယ်ရေးပေါ့နော် ....



မေး = သီချင်းတွေ ဆိုတော့ ညီလေး သူငယ်ချင်းနဲ့ ဘယ်သီချင်းတွေ သီဆိုဖြစ်တာလဲ။

ဟုတ် ... အချစ်ရူးလေး သီချင်းမှာဆို ကျနော့ သူငယ်ချင်း အာကာနဲ့ ပါ။ ပြီးတော့ ဘယ်သူ့အတွက်လဲ။ အဲ့ ... သီချင်းမှာတော့ Ko Little Boy နဲ့ ... အဲ ... သင်္ကြန်သီချင်း (အတူတူခုန်လိုက်) မှာကျတော့ ကိုထက်အောင်လှိုင် နဲ့ ပါ။

မေး = သင်္ကြန်သီချင်း (အတူတူခုန်လိုက်) သီချင်းလေးက မြူးမြူးလေးနဲ့ နားထောင်ရတာ ကောင်းပါတယ်။ ဒီသီချင်းလေးနဲ့ ပက်သက်ပြီး ပြောစရာလေး ရှိလား ... တစ်ခုခု ပေါ့ .....

ဟုတ်... အဲ့ဒါ ကတော့ ကျနော်ဘယ်လိုပြောမလဲ ? အဆင်ပြေအောင် လုပ်လိုက်ရတဲ့ သီချင်းလေးပါ.. အဲဒီနေ့က နေ့လည်လောက်ကြီး ကိုထက်အောင်လှိုင် (DELIGHT) က ဖုန်းဆက်တယ်လေ။ ကျနော့ကို အရေးကြီးတယ်တဲ့။ အဲ့ဒါနဲ့ ဟိုရောက်ရော သင်္ကြန်ဆိုရမှာတဲ့ ... သီချင်းက မရှိဘူး သူကလည်း အဲ့ကျမှ တီးတယ်။ ကျနော်ကလည်း တစ်ခါတည်းရေးလိုက်တယ် 2 နာရီလောက် ပဲကြာလိုက်တယ် ပြီးသွားရော ဘာပဲပြောပြော တစ်ပုဒ်တော့ရတာပေါ့နော် ... အကြမ်းပေါ့ဗျာ ...

မေး = သီချင်းတွေကို ဘယ် Studio မှာ ဆိုဖြစ်လဲ ...

ဟုတ်ကဲ့ ... ရန်ကင်းက DELIGHT မှာ အများဆုံးသွင်းဖြစ်ပါတယ်။

မေး = အခု သီဆိုပြီးသား သီချင်းတွေကို ညီလေးအနေနဲ့ အခွေ ထုပ်ဖို့ အစီအစဉ် ရှိလား။

ဟုတ်ကဲ့ ... အစီအစဉ်တော့ရှိပါတယ်။ ခုဆိုထားတဲ့ သီချင်းတွေအားလုံးတော့ မဟုတ်ဘူးပေါ့။ အဲအထဲက လူကြိုက်များတာတွေကို စုပြီးတော့ပေါ့နော် ထုတ်ဖို့ပါ။ ဒါပေမယ့် စောပါသေးတယ်.... ကျနော် ... အချိန်ယူရအုန်းမယ်ဗျာ ...

မေး = ဟုတ်ကဲ့ ... အခု လက်ရှိ ညီလေးအနေနဲ့ အဆိုတော်တစ်ယောက် ဖြစ်အောင် ကြိုးစားနေတယ် ဆိုတော့ ရှေ့ဆက် ညီ ဘာတွေ လုပ်ဆောာင် နေတာလဲ ဆိုတာ စာဖတ်သူ မိတ်ဆွေများ ကို ပြောပြပေးစေ လိုပါတယ်။

ဟုတ်ကဲ့ပါ။ ကျနော်ရှေ ဆက်သီချင်းတွေကို ပိုကောင်းသထက် ကောင်းလာအောင်ကြိုးစားပြီး လုပ်ဆောင်သွားမယ်။ ပြီးတော့ကျနော့ သီချင်းတွေကိုလည်း လူတိုင်နီးပါးခံစားလာနိုင်အောင် လည်းရေးပါ့မယ်...
ကျနော့ကို အားပေးနေတဲ့ ကျနော့ သူငယ်ချင်းတွေက ကျနော့သီချင်းတွေကို ဆက်နားထောင်ပေးပြီးတော့ ဝေဖန်ပေးပါ။ အကြံပေးပါ ကျနော် စောင့်နေပါတယ်လို့ ပြောချင်ပါတယ်။

မေး = ညီလေးက အနုပညာနဲ့ ပက်သက်ပြီး ဘယ်လို ခံထားပါသလဲ ?

ဟုတ်ကဲ့ ... ကျနော်ရဲ့ ဝါသနာ ကျနော့ရဲ့ ခံယူချက်အတိုင်း ....ပြီးတော့ ဖေဖေတို့ မေမေတို့ကို ပေးထားတဲ့ ကတိအတိုင်း ကျနော်အစွန်းစွန်ထိ အောင်မြင်မှုတွေရအောင် ပြီးတော့ တစ်နိုင်ငံလုံးက လက်ခံတဲ့ အဆိုတော်တစ်ယောက် ဖြစ်အောင်ထိကြိုးစားသွားမယ်လို့ ကျနော် ခံယူထားပါတယ်။

မေး = အောင်မြင်တဲ့ အဆိုတော် တစ်ယောက် ဖြစ်အောင် ဘယ်လို ကြီုးစားသွားမယ် ဆိုတာစာဖတ်သူ မိတ်ဆွေများကို ပြောပြပေးပါဦး။

ဟုတ်ကဲ့ ... ကျနော်ကတော့ မှန်မှန်ကန်ကန်နဲ့ ပေါ့နော်။
ဥပမာ ... ကျနော့် ဖေဖေပြောသလိုပေါ့။

မှန်ကန်မှုရှိရမယ်။
ရိုးသားမှုရှိရမယ်။
ဘ၀မမေ့ရဘူး။
ဘ၀င်မမြင့်ရဘူး

အဲ့ .... လိုမျိုးပဲကျင့်သုံးသွားပါ့မယ်။ ဘာကြောင့်လဲဆိုတော့ အနုပညာလောက ကနည်းနည်းတော့ ရှုပ်တယ်လေကံ ညဏ် ၀ီရိယ သုံးခုလုံး ပေါ်လည်း မူတည်နေပါတယ်။ ဘုရားတရားလည်း မမေ့ရ ဘူးပေါ့။

မေး = အခု ညီလေးက သီချင်းတွေကို စပြီး သီဆိုတယ် ဆိုတော့ ညီလေး အခက်အခဲ တွေ ရှိမယ် ထင်ပါတယ်။ ဒီအကြောင်း ကို သိပါရစေ။

ဟုတ် ... ရှိပါတယ်။ ကျနော်က စတူရီယို အတွေ့ အကြုံ မရှိသေးတော့ ပိုဆိုးတာပေါ့နော် ...မိုက် (Mic) အကြောင်းလည်း နားမလည်ဘူးလေ အဆိုးဆုံး ကတော ကျနော် (မ)သီချင်းသွင်းတုန်းကပါ။ အကြာကြီးသွင်းလိုက်ရတယ်။ ကျနော့ အထင် တစ်ပတ်လောက်ကြာသွားတယ်။ ကျနော် ဘယ်လောက်ထိဖြစ်လဲဆိုတော့ မိုက်မြင်ရင်မောနေပြီ။ နောက်ပိုင်ကျတော့လည်း အတွေ့အကြုံကပဲ သင်ပေးသွားတာပါ။ သူများ ဆိုတာတွေကို နားထောင်တယ်။

လေ့လာတယ် ပြီးတော့ ဆိုကြည့်တယ်။ နောက်ပိုင်းကျတော့လည်း အစကထက်တော့ တဖြည်းဖြည်း ပိုအဆင်ပြေလာပါတယ်။ကျနော့်မှာ ကအနုပညာနဲ့ ပတ်သတ်ပြီးတော့ အဆက်အသွယ်က မရှိဘူးလေ။ အဲ့ ကျတော့ တစ်ခါတစ်လေ အားငယ်တယ်။ကိုယ် နယ်လည်းမဟုတ်တော့ ကိုယ့်ကိုယ်ကိုပေါ့နော် ပြန်မေးမိတယ်။

ငါဖြစ်နိုင်ပါ့မလားပေါ့။ အမျိုးမျိုးပါပဲ ၊ ဒါပေမယ့် ကျနော် ဇွဲမရှော့ပါဘူးဖြစ်အောင်ကို လုပ်မယ်ပေါ့။ အဲ့လိုမျိုးနဲ့ပဲ ဆက်လုပ်နေပါတယ်။ ခုတော့ လမ်းစလေး နည်းနည်း တွေ့နေပါပြီ။

မေး = ကြိုးစားတဲ့ သူတွေအတွက် အောင်မြင်မှု ဆိုတာ ရှိစမြဲပါ။ ညီလေးကရော ဒီကိစ္စနဲ့ ပက်သက်ပြီး ဘာပြောချင်လဲ ?

ဟုတ်မှာပါ ၊ ကြိုးစားနေတဲ့ လူဆိုတာက အောင်မြင်မှုကို မရမချင်း ကြိုးစားနေမှာလေ အဲ့ဒီတော့ မှန်မယ်လို့ ကျနော်က ထင်ပါတယ်။

မေး = အနုပညာနဲ့ ပက်သက်ပြီး ညီက အဆိုတော် လိုင်းကို ရွှေးချယ်ထားတယ် ဆိုတော့ ညီလေး သီချင်း မဆိုခင်က ညီလေး အားကျတဲ့ အဆိုတော်တွေကို ပြောပြပါလား။

ဟုတ်ကဲ့ ... ကျနော် အားကျတဲ့ အဆိုတော်တွေ ကတော့ အများကြီးပါပဲ။ မြန်မာက ဆိုရင်တော့ ကို Lလွန်းဝါ ကိုပူစူး ပြီးတော့ ကိုရဲလေး ကိုစိုင်းစိုင်း ကိုဘန်နီ တို့ပေါ့။ အစုံပါပဲ အကုန်လုံးကိုကြိုက်ပါတယ်။ ဟို .... ကျနော်က အားလုံးကို နားထောင်တော့ ကိုလေးဖြူ တို့လည်းကြိုက်တယ်။



မေး = အခု နောက်ဆုံး မေးခွန်း အနေနဲ့ ညီလေး စာဖတ်သူ မိတ်ဆွေများကို ဘာများ ပြောချင်လဲ။

ဟုတ်ကဲ့ ... ကျနော်ပြောချင်တာက ကျနော့်သီချင်းတွေကို သည်းခံပြီးတော့ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ နားထောင်ပေးပါ ပြီးတော့ဝေဖန်ပေးပါ။ အကြံပေးပါ။ အပြစ်တွေ့ ရင်လည်း ပြောပါ ကျနော်ကလည်း သယ်ရင်းတို့ ပြောတဲ့ အတိုင်း ပြုပြင်ပြီးတော့ ကြိုးစားသွားပါ့မယ်။

နောက်ပိုင်းမှာ ကျနော့ ..... သီချင်းတွေကို လူတိုင်း ခံစားနိုင်ပါစေ လို့ ကျနော်ကလည်း လူတိုင်းနီးပါး ခံစားနိုင်အောင် ကြိုးစား သွားပါ့မယ် လို့ ပြောချင်ပါတယ်။ ကျနော့ သူငယ်ချင်းများ အားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ပါတယ် ။ အားလုံး လည်း ပျော်ရွင်ကြပါစေလို့ ကျနော် ထက်ယံက ဆုတောင်း ပေးလိုက် ပါတယ်။

မေး = ညီလေးဆီ ဆက်သွယ်ချင်တယ် ဆိုရင် ညီလေးရဲ့ လိပ်စာလေးက။

ဟုတ်ကဲ့ .... ကျနော့်ကို ဆက်သွယ်ချင်ရင်တော့ အခန်း(301) တိုက် (37) အောင်ဇေယျအိမ်ရာ တောင်ဒဂုံကို ဆက်သွယ်လို့ ရပါတယ်။ G mail ကတော့ ( [email protected] ) ပါ။ အကြံပေးချင်တာ ဝေဖန်ချက်များ ကို ဒီအကောင့်မှာ ပေးလို့ ရပါတယ် ခင်ဗျား။

အခုလို မေးသမျှကို အချိန်ပေး ဖြေကြားပေး ဝါသနာရှင် အဆိုတော် ညီလေး ထက်ယံ ကို ကျေးဇူးအများကြီး တင်ပါတယ်။ အောင်မြင်သော အဆိုတော်တစ်ယောက် ဖြစ်ပါစေ လို့လည်း ဆုတောင်းပေးပါတယ်။

ဟုတ်ကဲ့ ပါ။ ပေးတဲ့ဆုနဲ့ ပြည့်ပါစေ ခင်ဗျား။ ကျနော့ ကို ခုလို အချိန်ကုန်ခံ အပင်ပန်းခံပြီး အင်တာဗျူး မေးပေးတဲ့ ဒီက အစ်ကို ကိုနေဇော်လင်း ကိုလည်း ကျွန်တော်က ကျေးဇူး အများကြီး တင်ပါတယ်။

စာဖတ်သူ မိတ်ဆွေများ အခုလောက်ဆို ဝါသနာရှင် အဆိုတော် ထက်ယံ အကြောင်းတွေကို တော်တော် များများ သိကြရော့ပေါ့။ သူ သီဆိုထားတဲ့ သူရဲ့ သီချင်းလေးတွေ စာဖတ်သူ မိတ်ဆွေများ အွန်လိုင်းပေါ်မှာ နားထောင်ချင်တယ် ဒါမဟုတ် MP3 ရယူချင်တယ် ဆိုရင် အောက်မှာ နှစ်နေရာ တင်ပေးလိုက်ပါတယ်။










(Believe Me) HtEt [email protected] 3.8 Mb





(ဘယ်သူ့အတွက်လဲ) HtetYan & Little Boy(2).mp3 3.5 Mb





(Happy Birthday Honey) HtEt Y@N & Mc Wai Linn.mp3 3.4 Mb





ကလေးဆိုးလေး HtEt YaN.mp3 4.7 Mb





My Lovely Girl - HtEt YaN...mp3 3.9 Mb





ငါ့အတွက်ရှိပါ HtEt YaN.mp3 3.2 Mb





မျှော်လင့်ဆဲ 3.2 Mb





အတူတူကဲလိုက်(ထက်ယံ-ထက်အောင်လှိုင်) 4.6 Mb





Baby_Girl.mp3
4.5 Mb





၁၀ အချစ်ရူးလေး (ထက်ယံ-အာကာ)
3.8 Mb






၁၁ အစွန်းစွန်ထိ

ကျေးဇူးတင်ပါတယ်!

ကြိုးစားလျှက်

နေဇော်လင်း

www.nayzawlin1.com

ရှေ့အပတ်ထဲမှာလည်း ကောင်းနိုးရာရာ နာမည်ရ ဆိုက်တစ်ချို့ကို အင်တာဗျူး လုပ်ပြီး
တင်ဆက်ပေးသွားမှာပါ။

အင်တာဗျူး အစီအစဉ်လေး အတွက် လိုအပ်သောကိစ္စများကို ပါဝင် ကူညီပေးသော ကိုဂျွန်ဖြိုး ( ဖူးစာရှင်လေးဆိုက် ) အား အထူုး ကျေး ဇုး တင် ရှိ ပါ သည်။
 
မေး:မင်္ဂလာပါ အကို
ဖြေ: ဟုတ်ကဲ့မင်္ဂလာပါ
မေး: အကို့ရဲ့အမည်ရင်းလေးကိုသိပါရစေ
ဖြေ: ညီညီလတ်ပါ  ဟုတ်ကဲ့  ကျောင်းနံမည်ကတော့ညီညီငယ်ဖြိုးပေါ့
မေး: ဟုတ်ကဲ့
       ဂီတလောကထဲကိုဘယ်အချိန်ကတည်းက၀င်လာတာလဲဗျာ
ဖြေ:ကျတော်၁၀တန်းနှစ်လောက်ကကျောင်းပွဲမှာပါဝင်သီဆိုဖို့ကြိုးစားခဲ့သေးတယ် 
 ဒါမဲ့  မပါခဲ့ဘူး  အိုက်တုန်းကဆို  ဘိုလေးရဲလေးတို့ကတော့ပါသွားတယ် 
သူတိုဆိုကြတယ်လေ  ၁၀တန်းကျောင်းသားဘ၀တုန်းကပါ 
ဘိုလေးနဲ့ကလဲသူငယ်ချင်းတွေလေတစ်ကျောင်းတည်းထွက်တွေပါ
 အိုက်တည်းကစပြီးစိတ်ဝင်စားခဲ့တယ်ဆိုပါတော
မေး: အော်  ဟုတ်  အနုပညာနဲ့ပတ်သက်လို့ တခြားဝါသနာပါတာရှိသေးလားအကို
ဖြေ: တစ်ခြားဝါသနာကတော့...ကျတော်စီးပွားရေးပေါ့နော်ဟုတ်ကဲ့ခုအိမ်ကဗျင်းတော့မယ်..
စိတ်မ၀င်စားလဲစိတ်ဝင်စားရတော့မယ်  ဟဲဟဲ 
အိမ်ကသီချင်းပဲလုပ်နေဒါသိပ်မကြည်ဘူးဖြစ်နေတယ်
စီပွားရေးကိုလည်းစိတ်ဝင်စားနေပါတယ်ခု  ဟုတ်ကဲ့
မေး: ဟုတ်ကဲ့  အကို  ဒါဆိုသီချင်းကိုဘယ်အချိန်ကျတော့မှစဆိုဖြစ်တာလ
ဖြေ: ဟုတ်ကဲ့နိုင်ငဲခြားမှာ၁၀နှစ်ကြာတယ်ခင်ဗျာ့  အလုပ်လုပ်ရင်းလေ့လာဖြစ်ပါတယ်
ဂီတပိုင်းကို  လေ့လာရင်းနဲ့  ဟိုနိုင်ငံမှာ 
သီချင်ဆိုပြိုင်ပွဲတို့  သင်္ကြန်တို့  သတင်းကျွတ်ပွဲတို့မှာ  စပြီးဆိုဖြစ်ပါတယ်
နိုင်ငံခြားမှာပါအိုက်ဒါက
မေး: အော် ဟုတ်ကဲ့ အကို့မှာ ပြည်တွင်းပြည်ပ အားကျရတဲ့ အဆိုတော်တွေရှိလား
ဖြေ:ပြည်တွင်းမှာတော့..ကိုရသကိုလေးစားအားကျမိပါတယ်...
ပြည်ပမှာတော့... jay Sean တို..j.ryze တို့..christ brown တို့ကိုကြိုက်ပါတယ်.
မေး: ဟုတ်ကဲ့  အကို   ဒီ music လောကထဲကို ဘယ်လိုရောက်လာတာလဲဗျာ
ဖြေ: နိုင်ငံခြားကပြန်လာပြီးတော့ဒီမှာအင်တာနက်ဆိုင်လေးဖွင့်ထားတော့..
အင်တာနက်ဆိုင်မှာလာသုံးတဲ့..သူတစ်ယောက်နဲ့ရင်းနှီးခဲ့တယ်
သူနံမည်ကတော့.. JK MC (blank Face) ကပါ..သူနဲ့သိပြီး...
Mc ဘမောင်နဲ့မိတ်ဆက်ပြီးရင်းနှီးခွင့်ရခဲ့ပါတယ်..ဒီလိုနဲ့ပထမဆုံးသီချင်းတစ်ပုဒ်ဖြစ်တဲ့..
ဘမောင်နဲ့ဆိုထားတဲ့..အဓိပါယ်ဆိုတဲ့သီချင်းနဲ့.ပရိတ်သတ်အားပေးမှူရခဲ့ပြီး..
Underground လောကမှာ..ပရိတ်သတ်နည်နည်းရခဲပါတယ်..ဒီလိုနဲ့ဒီလောကထဲကိုခြေလှမ်းစလှမ်းခဲ့ဒါပါ
မေး: ဟုတ်ကဲ့ပါအကို အားလပ်ချိန်တွေမှာ အကိုဘာလုပ်လေ့ရှိလဲခင်ဗျ
ဖြေ: အားတဲ့ချိန်တွေမှာသီချင်းတီးဖြစ်ပါတယ်...တီဗီကြည့်ပါတယ်..သီချင်းရေးပါတယ်  ဟုတ်ကဲ့
မေး: ဟုတ်ကဲ့ခင်ဗျ  သီချင်းရေးရင် ဘယ်လိုmood ထည့်ပြီးရေးလေ့ရှိလဲအကို
ဖြေ: ခံစားချက်ကတော့..သီချင်းတီးလုံးကိုကြည့်တယ်..ပြီးတော့လိုက်ဖက်တဲ့စာသားနဲ့ဆိုပုံကိုထည့်လိုက်တာပါ  ဟုတ်ကဲ့
မေး: ဟုတ်ကဲ့ သီချင်းရေးရင် ကိုယ်ပိုင်ခံစားချက်နဲ့ရေးတာလားဒါမှမဟုတ် ဘယ်အကြောင်းရာတွေကိုအခြေခံပီးရေးတာလဲ
ဖြေ: ခံစားချက်များပါတယ်  ဟုတ်ကဲ့
မေး: ဒါဆို အကိုအချစ်ရေးနည်းနည်းမေးမယ်နော် ချစ်ရမယ့်သူရှိလား
ဖြေ: ချစ်ရမဲ့သူတော့မရှီသေးဘူ..ချစ်နေတဲ့လူတော့ရှိတယ်ဟီးး  ချစ်တာမကောင်းပါဘူး..သူချစ်တာပဲကောင်းတယ်  ကိုချစ်တာမကောင်းဘူး
မေး: ဟဟ   ဟုတ်တာပေါ့ဗျာ  မှန်လိုက်လေခြင်း
ဒါဆိုအကိုdouble nyi နားလည်လက်ခံထားတဲ့ အချစ်ဆိုတာက.........
ဖြေ: အချစ်ဆိုဒါတော့ရယူခြင်း..ပေးဆပ်ခြင်း..ကွဲကွာခြင်း တွေတဲ့..ပူလောင်လွန်းတဲ့.နေတစင်းလို့ပါပဲ
မခံစားတတ်ရင်..အပူလောင်တတ်တယ်ပေါ့  ဟဲဟဲ
မေး: ဟုတ်ကဲ့  အကို အခု လက်ရှိမှာရော ဘာတွေလုပ်နေလဲ
ဖြေ: လက်ရှိမှာတော့တစ်ယောက်တည်းသီချင်းတွေစုံတွဲတွေ..
ပြီးတော့ပြီးးခဲ့တဲ့အပတ်က..တေဇနဲ့ဝင်းလဲသူတို့ဆိုထားတဲ့..သီချင်းတစ်ပုဒ်ကို.. MTV သရုတ်ဆောင်ပေးထားပါတယ်..
ပြီးတော့ပါတီပွဲတစ်ပွဲလုပ်ဖြစ်မယ်..
လာမဲ့၂၂ရက်နေ့..ပေါ့နော်၃၆၉မှာလာခဲ့ဖိုဖိတ်ခေါ်ပါတယ်သူငယ်ချင်းတွေအားလုံးပျော်ရအောင်ပေါ့နော်
.ပြီးတော့..၈လပိုင်းမှာထွက်နိုင်အောင်အလန်းဇယားဆိုတဲ့.. VCD Live Show တစ်ခွေကို
Underground ကလူငယ်တွေနဲ့ရိုက်ကူးဖြန်ချီဖို့စီစဉ်နေပါတယ်လို့
မေး: ဟုတ်ကဲ့ အကို့တစ်ကိုယ်တောင်အယ်ဘန်ထွက်ဖို့ကော အစီစဉ်ရှိလား
ဖြေ: အင်ကြိုးစားရမှာပေါ့နော်..ဒီနေ့ဒီချိန်ခါကထုတ်လုပ်သူကရှားတယ်လေ..
ကိုပိုင်ငွေနဲ့ကျတော့လဲမတတ်နိုင်တော့..တစ်ကိုတော်ထွက်ဖို့ကြိုးစားရအုံးမယ်..ပေါ့..
ဒါမဲ့ထွက်နိုင်အောင်တော့ကြိုးစားသွားမှာပါ  ဟုတ်ကဲ့
မေး: ဟုတ်ကဲ့ခင်ဗျ အကို့biography လေးကိုပြောပြပေးပါ
ဖြေ: ကချင်ပြည်နယ်မိုးကောင်းမြိုမှာ၁၁.၁.၁၉၈၄ မှာမွေးပါတယ်
မွေးချင်း၃ယောက်မြောက်ပါ  မောင်နှမ၄ယောက်ရှိပါတယ်
 အကိုကြီးဆုံးပြီးတော့အမပြီးတော့ညီမလေးတစ်ယောက်ပါ
 မိသာစုကတော့ပေါင်း၆ယောက်ပေါ့
မေး: ဟုတ်ကဲ့ အကို အကို့ရဲ့ပရိသတ်ကြီးအတွက်ဘာများပြောချင်သေးလဲဗျ
ဖြေ: အင်ကျတော်ချပြမှာပါကြိုစားနေပါတယ်သီချင်ေးတွ  လေ  တစ်ယောက်တည်းတွေကော  စုံတွဲတွေကော
ပြီးတော့ကျတော်ဒီလမှာထွက်ဖို့ရှိတဲ့ဝုန်းဒိုင်းကျဲစီဒီအခွေလးကိုလဲပရိတ်သတ်တွေအားပေးကြပါလို့10:11 PM ပြီးတော့ကျတော်စတူဒီယိုဖွင့်ဖို့ကြိုစားနေပါတယ်.လာအားပေးကြပါအုံးလို့...
သီချင်းတွေကိုဒီထက်ကောင်းအောင်ကြိုးစားပြသွားမှာပါလိုပရိတ်သတ်ကြီးကိုဂတိပေးချင်ပါတယ်..
အာပေးဖို့လက်လေးတွေကမ်းပေးကြပါလို့အကိုပြောချင်ပါတယ်  ဟုတ်ကဲ့
မေး: ဟုတ်ကဲ့ပါ အကို
အခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
အကိုဒီထက်မကပိုပီးအောင်မြင်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်
ဖြေ: အကိုလဲကျေးဇူးအထူးတင်ပါတယ်ခုလို့အင်တာဗျူးတဲ့.. bluewine ကိုလဲ..လေ...ကျတော့ကိုဆက်သွယ်ချင်တယ်ဆိုရင်တော့...[email protected] နဲ့ဆက်သွယ်အကြံပေးနိုင်ပါတယ်လို..ကျေးဇူးတင်လျှက်ပါ

var _gaq = _gaq || []; _gaq.push(['_setAccount', 'UA-7870337-1']); _gaq.push(['_setDomainName', 'none']); _gaq.push(['_setAllowLinker', true]); (function() { var ga = document.createElement('script'); ga.type = 'text/javascript'; ga.async = true; ga.src = ('https:' == document.location.protocol ? 'https://ssl' : 'http://www') + '.google-analytics.com/ga.js'; // NOTE: keep the [1] if you replace this code. Otherwise cookie banner scripts won't be first on the page var s = document.getElementsByTagName('script')[1]; s.parentNode.insertBefore(ga, s); })(); _W.Analytics = _W.Analytics || {'trackers': {}}; _W.Analytics.trackers.wGA = '_gaq';